လွယ်ဂျယ် ဖေဖော်ဝါရီ ၁၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုးကူးစက် ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ကို ဖေဖော်ဝါရီ ၁၆ ရက်နံနက်(၈)နာရီက နေ့က လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့သည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်းနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက လွယ်ဂျယ်မြို့ရှိ လူစည်ကားရာနေရာ လမ်းဆုံလမ်းခွများ၊ စျေးအတွင်းသို့ သွားရောက်ကြပြီး ကိုဗစ်−၁၉ ကာကွယ်ရေး နည်းလမ်းများအဖြစ် လက်ကိုမကြာခဏ ဆေးကြောရန်၊ မလိုအပ်ဘဲ အိမ်အပြင်မထွတ်ကြရန်၊ လိုအပ်၍ထွက်ပါက Mask ကို မဖြစ်မနေတပ်ဆင်ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များ လိုက်နာကြရန် အသိပညာပေး ပြောကြားပြီး Mask Campaigm ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး ရပ်ကွက်အတွင်း လှည့်လည်၍ တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ် အသံချဲ့စက်ဖြင့် အသိပညာပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လွယ်ဂျယ်(ပြန်/ဆက်)