မအီမြို့၊အခြေခံပညာအလယ်တန်းကျောင်း(ပြင်ဝန်း)၌ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြော

မအီ  ဖေဖော်ဝါရီ ၁၈

ရခိုင်ပြည်နယ်၊ မအီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ပြင်ဝန်း)၌ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းက ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျောင်းတွင်း ကျန်းမာရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးရှင်းလင်း ဟောပြောခဲ့ပြီးနောက်  ကျန်းမာရေးဝန်ထမ်းများက အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား “သံချဆေး”တိုက်ကျွေးခဲ့ကာ အလယ်တန်းအဆင့်မှ အပျို‌အရွယ်ဝင် ကျောင်းသူများကို သံဓာတ်အားကောင်းဆေး (Furamain BC)တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

သိန်းထွန်းအောင်