မြေပုံမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုး သတိပြုကာကွယ်နိုင်ရေး (Hand Speaker) ဖြင့် အသိပညာပေး နှိုးဆော်

မြေပုံ ဖေဖော်ဝါရီ ၁၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ကိုဗစ်-၁၉ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး အကြောင်း ပြည်သူများ သတိပြုသိရှိလိုက်နာစေရန်အတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့ပေါ် ရပ်ကွက် များတွင်  (Hand Speaker) ဖြင့် လှည့်လည်၍ လိုက်လံအသိပညာပေး နှိုးဆော်ကြသည်။

ထိုသို့ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် မြေပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုးအကြောင်းကို သတိပြုမိကြစေရန် နှင့် ပြည်သူများအနေဖြင့် လူစုလူဝေးမှရှောင်၍ တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ စနစ်တကျတပ်ဆင်ကြရန်၊ လက်ကို မကြာခဏ ဆပ်ပြာနှင့်ဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှု ခံယူခြင်းတို့ကို အထူးဂရုပြု ပူးပေါင်း ဆောင်ရွက်ကြရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားရန် စသည့်အချက်များကို မြို့ပေါ်ရပ်ကွက်များတွင် (Hand Speaker) ဖြင့် လှည့်လည်၍ အသိပေးနှိုးဆော်ကြကြောင်း သိရသည်။

ဝင်းမင်းစိုး (ပြန်/ဆက်)