ကျိန္တလီ ဖေဖော်ဝါရီ ၁၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ရုံးဝန်ထမ်းများနှင့် စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကျိန္တလီမြို့ရုံးမှ ဦးခိုင်မိုးမင်း (ရုပ်/သံကျွမ်းကျင်-၃)က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံ့ဝန်ထမ်း ဥပဒေစာအုပ်အခန်း(၁)ပါ အမည်နှင့်အဓိပ္ပာယ် ဖော်ပြချက်မှ “ဝန်ထမ်းဖွဲ့စည်းပုံ၊ ဝန်ထမ်း အဖွဲ့အစည်း” စာပိုဒ်ပါ အကြောင်းအရာများကို ဆွေးနွေးရာတွင် မိမိတို့ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေတို့ပါ ပြဋ္ဌာန်းချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး၊ ဦးမောင်မောင် အငယ်တန်းစာရေးမှ “ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး၊ ဝန်ထမ်းဆိုသည်မှာ” စာပိုဒ်ပါ အကြောင်းအရာများကို ဖတ်ရှုပြီး အပြန်အလှန် ဆွေနွေး ခဲ့ကြောင်း သိရသည်။
ခိုင်မိုးမင်း (ပြန်/ဆက်)