မံစီ မတ် ၁၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း(မံစီ) ဖုန်ကန်ဒူဝါခန်းမ၌ မတ်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီက ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ လက်ထောက်ကြီးကြပ်ရေးမှူးများ လုပ်ငန်းတာဝန်ဆိုင်ရာ ထပ်ဆင့်ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ရှင်းလင်းပွဲတွင် ခရိုင်ပညာရေးမှူး ဦးတိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်တင်မာဆွေတို့ တက်ရောက်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက အွန်လိုင်းမှတဆင့်ပြုလုပ်သည့် သင်တန်းကိုတက်ရောက်ပြီးသည့် မြို့နယ်အတွင်းမှ အခြေခံပညာ အထက်တန်းကျောင်းအုပ် ၃ ဦးက ရှင်းလင်းပွဲ တက်ရောက်လာသည့် ဆရာ ဆရာမများကို ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ လက်ထောက်ကြီး ကြပ်ရေးမှူးများ လုပ်ငန်းတာဝန်ဆိုင်ရာများကို ထပ်ဆင့်ရှင်းလင်းခဲ့သည်။
မံစီမြို့နယ်အတွင်း အခြေခံပညာ အထက်တန်းကျောင်း (၆)ကျောင်းရှိပြီး ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၁)ခုဖြင့် ကျင်းပသွားမည်ဖြစ်ရာ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း (၂၇၇)ဦးရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)