ချမ်းမြသာစည် မတ် ၁၂
ကလေးအလုပ်သမား ခိုင်းစေမှု လျော့နည်းပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ ဆောင်ရွက်မှုကို ယမန်နေ့နံနက်၁၀နာရီက ချမ်းမြသာစည် မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre တွင်ကျင်းပပြုလုပ်ခဲ့သည်။
Talk Show ဆွေးနွေးခြင်းတွင် ကလေးအလုပ်သမား အဓိပ္ပာယ်၊ အမျိုးသားအဆင့် လုပ်ငန်း စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များအကြောင်း၊ စီမံချက်ကာလနှင့် ဦးစားပေးနယ်ပယ်များအကြောင်း၊ ဥပဒေများအကြောင်း၊ ပူးပေါင်း ဆောင်ရွက်မှုများအကြောင်း စသည်ဖြင့် အကျယ်တ၀င့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
Talk Show ဆွေးနွေးခြင်းကို ချမ်းမြသာစည်မြို့နယ် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်ထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းတို့က ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။
ခင်စိမ်း၀င်း