သာယာဝတီမြို့ အောင်သိဒ္ဓိစေတီတော် ဘုရားပုရဝုဏ် အတွင်းအပြင်အား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

သာယာဝတီ မတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့ အောင်သိဒ္ဓိစေတီတော်ဘုရား ပုရဝုဏ် အတွင်းအပြင်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် သာယာဝတီခရိုင် မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ လမ်းညွန်မှုဖြင့်သာ ယာဝတီ ခရိုင်နှင့် မြို့နယ်၊ နယ်မြေမီးသတ်စခန်းရှိအိမ်ထောင်ရှိတပ်ဖွဲဝင်နှင့် တပ်ဖွဲ့ဝင်များ၏ ဇနီးအမျိုးသမီးများ ယမန်နေ့ (တပေါင်းလပြည့်နေ့) နေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် သာယာဝတီခရိုင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ လမ်းညွန်မှုဖြင့် ခရိုင်နှင့်မြို့နယ်၊ နယ်မြေမီးသတ်စခန်းရှိ အိမ်ထောင်ရှိတပ်ဖွဲဝင်နှင့် တပ်ဖွဲ့ဝင်များ၏ ဇနီးများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာမှတာဝန်ရှိသူဝန်ထမ်းများပါပူးပေါင်းဆောင်ရွက်ကြပြီးဘုရားရင်ပြင်ပတ်လည်တွင် အမှိုက်များရှင်းလင်းခြင်း၊ တံမြက်စည်း လှည်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ စေတီတော်ကြီးအား ရေဖြင့် ဆေးကြောပက်ဖျန်းခြင်း၊ အရံစေတီတော်များအား ရောင်တော်ဖွင့်ခြင်းများအား မြန်မာလူမျိုးများ၏ ဓလေ့ထုံးတမ်းစဥ်လာအရ နေ့ထူးနေ့မြတ်များ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သန့်ဇော် (သာယာဝတီ)