Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်တော်မြို့နယ် ဒေါင်းတော်ယိုးကျေးရွာ၌ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်အန္တရာယ် ကင်းရှင်းရေး၊ စားသုံးသူအကာကွယ်ပေးရေးနှင့် ပိုးသတ်ဆေးများကို အန္တရာယ်ကင်းစွာ စနစ်…
Mar 19,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ဒေါင်းတော်ယိုးကျေးရွာ၌ မြိုနယ်စိုက်ပျိုး ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း ၍ ယနေ့နံနက် ၈ နာရီ ၃၀ မီနစ်အချိန်က အဆိုပါကျေးရွာတွင် ကျန်းမာရေးနှင့် ပတ်ဝန်းကျင် အန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူအကာကွယ်ပေးရေးနှင့် ပိုးသတ်ဆေးများကို အန္တရာယ်ကင်းစွာ စနစ်တကျ ကိုင်တွယ်သုံးစွဲရေး တောင်သူပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ်တွင် ကျောင်းသား ကျောင်းသူများ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Mar 19,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး အသိပညာပေးဟောပြောပွဲကို မတ်လ (၁၉)ရက်နေ့ နေ့လည် (၂)နာရီ အချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် လူငယ်ရေးရာ အသိပ…
Mar 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမတွင် ယနေ့ မွန်းလွဲ (၁၄:၀၀)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း မေယု FM ရေဒီယိုဖမ်းယူရရှိမှု အခြေအနေအား စစ်တမ်း ကောက်ယူခြင်း ကွင်းဆင်းဆောင်ရွက်
Mar 19,2022
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့၏ ကနဦး လိုအပ်ချက် ဆန်းစစ် လေ့လာမှု အစီရင်ခံစာ (Preliminary Needs Assessment-PN) တွင် ပါဝင်သော အကြံပြုချက်များ နှင့်အညီ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာ သူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အကောင်အထည် ဖော်ရေးအတွက် အာဆီယံနှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ဝန်ကြီးဌာနများအကြား နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ၏ ပထမအဆင့် ဦးစားပေးစီမံကိန်း(၇)ခုအား အကောင်အထည်ဖော် ဆောင်လျက်ရှိရာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း၌ မေယု FM ရေဒီယို အစီအစဉ်များကို ဖမ်းယူနားဆင်မှုနှင့် ပတ်သက်၍ ပရိသတ်၏ သဘောထား အမြင်များအား စစ်တမ်းကောက်ယူခြင်းကို ယနေ့နံနက်(၈) နာရီအချိန်မှစတင်၍ မောင်တောမြို့၊ မောင်နီ ရပ်ကွက်အတွင်း မြေပြင်ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်တွင် သောက်သုံးရေ လိုအပ်လျက်ရှိသော ပြည်သူများထံသို့ ရေများ အခမဲ့ ဖြန့်ဝေလှူဒါန်း
Mar 19,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် သောက်သုံးရေ လိုအပ်လျက်ရှိသော ပြည်သူ များထံသို့ ရေလှူဒါန်းခြင်းကို ယနေ့ နံနက်(၈း၀၀)နာရီအချိန်က လှူဒါန်းဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့၌ (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ
Mar 19,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အကြို သတင်းစကားလက်ကမ်း စာစောင်များကို မတ်လ (၁၉) ရက်က အ.ထ.က(သုံးဆယ်) လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ တက်ရောက် လာသူဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများအား ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့တွင် ကျောင်းသားလူငယ်များ အသိပညာဉာဏ်ပညာ တိုးပွားစေရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 19,2022
နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍ ကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိရာသကဲ့သို့ ကျောင်းသား၊ ကျောင်သူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်နှင့် ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် ယနေ့မွန်းတည့် ၁၂ နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပေးသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် Mobile ပူးပေါင်းအဖွဲ့မှ ကွင်းဆင်း စစ်ဆေး
Mar 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားချက်အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ Mobile ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီး/မပြီး၊ ဆေးထိုးပြီးကြောင်း သက်သေခံလက်မှတ် ရှိ/မရှိကို ဆီဆုံရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို အဖွဲ့(၂)ဖွဲ့ ခွဲ၍ ယနေ့နံနက် ၇နာရီခွဲကစတင်ပြီး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22029
Page
22030
Page
22031
Page
22032
Current page
22033
Page
22034
Page
22035
Page
22036
Page
22037
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department