အမြို့မြို့အနယ်နယ်သတင်းများ

Mar 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့်  မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ် အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Mar 19,2022
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ လုပ်ငန်းခွင်အတွင်းထိခိုက်ဒဏ်ရာ သေဆုံးမှု အတွက် ကျန်ရစ်သူခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို မတ်လ ၁၈ရက် နံနက် ၁၀နာရီက ပဲခူးတိုင်း ဒေသကြီးလူမှုဖူလုံ​ရေးရုံးခန်းမ၌ ကျင်းပသည်။
Mar 19,2022
နိုင်ငံသားတစ်ဦး၏တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝအထောက်အကူဖြစ်စေနိုင် ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့်  ယနေ့နံနက် ၉ နာရီခွဲမှ စတင်၍ တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့  အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Mar 19,2022
လူမှုဖူလုံရေးဥပဒေနှင့် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေအကြောင်းသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ITALIAN-THAI  DEVELOPMENT  PUBLIC  COMPANY LIMITED (ITD)ခန်းမ၌ ကျင်းပသည်။
Mar 19,2022
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)တို့ ပူးပေါင်း၍ သတင်းအမှား၊ အမှန် ခွဲခြား သုံးသပ်နိုင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင် ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 19,2022
(၇၇)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် (၉) နာရီခွဲက သံတွဲခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ  ဂွမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၁၅)ဦးက  စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
Mar 19,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မော်လမြိုင်ခရိုင် ပြည်သူ့စာကြည့်တိုက် Mini Museum ပြတိုက်ငယ်သို့ မော်လမြိုင်မြို့ရှိ အ-ထ-က(၉)ကျောင်းမှကျောင်းသား/သူများက ယမန်နေ့ မွန်းလွဲပိုင်းက လာရောက်လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။