အခြေခံပညာအလယ်တန်းအဆင့် အဌမတန်းစာမေးပွဲဖြေဆိုနေမှု ကြည့်ရှုစစ်ဆေး

လွိုင်လင် မတ် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် အခြေခံပညာအလယ်တန်းအဆင့် အဌမတန်းစာမေးပွဲဖြေဆိုနေမှုကို လွိုင်လင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များသည် လွိုင်လင် - ပင်လုံမြို့ရှိစာစ်ဌာနများသို့ ယနေ့နံနက် (၀၉::၃၀) နာရီက ကွင်းဆင်းစစ်ဆေးကြည့်ရှုအားပေးကြသည်။

 ထိုသို့စစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ် နှင့်အဖွဲ့ဝင်များ မြို့နယ်ပညာရေးမှူးတို့ လိုက်ပါကြပြီး သက်ဆိုင်ရာစာစစ်ဌာန ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ ကကြိုဆိုကြပြီးနောက် စားမေးပွဲဖြေဆိုသည့် အခန်းများသို့ လိုက်လံပြသကြရာ ခရိုင်အုပ်ချုပ်ရေးမှူးမှ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုရာတွင် စိတ်အေးချမ်းမြေ့စွာ ဖြေဆိုနိုင်ရန် အနှောက်အယှက်မဖြစ်စေရေး အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

လွိုင်လင်မိုး