ကျိုင်းတောင်းမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

ကျိုင်းတောင်း မတ် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က ကျိုင်းတောင်းနယ်မြေရဲစခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့ဦးစီးမှူးရုံး တာဝန်ခံ ဦးစိုင်းစည်သူဟိန်းမှ လက်ရှိဒေသ၌ အမြဲတမ်း နေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း မရှိ/ ကိုင်ဆောင်ဆောင်လက်မှတ်မရှိသူများ၊ ရွေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသ တွင် အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး လက်ရှိဒေသ၌ ကိုင်ဆောင်လက်မှတ်မရှိသူများ၊ ရွှေ့ပြောင်း နေထိုင်သူများအတွက် မူလဒေသ/ လက်ရှိဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများ၊ အိမ်ထောင်စုစာရင်းရှိပြီး ကိုင်ဆောင် လက်မှတ် မရှိသူများ သက်ဆိုင်ရာနည်းလမ်းလေးသွယ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း စသည့် ပန်းခင်းစီမံချက် အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြား လွှဲပြောင်းပေးအပ်ပွဲသို့ ကျိုင်းတောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင်မှ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ကျိုင်းတောင်းနယ်မြေရဲစခန်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခဲ့ကြသော ရဲတပ်ဖွဲ့ဝင်များကို ​တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)