အမြို့မြို့အနယ်နယ်သတင်းများ

Jan 16,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် မြို့နယ်ပညာရေးမှူးရုံးက ကြီးမှူးကျင်းပသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
Jan 16,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပင်လုံမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၉)အချိန်က ကျင်းပဆောင်ရွက်ခဲ့ပါသည်။  
Jan 16,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 16,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက ကြေးကုန်းကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 16,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၂၁)အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရွာတော် (ရွာသစ်)၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 16,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ရုံး Community Centre တွင် သားငယ်၊ သမီးငယ်များ ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ဉာဏ်ရည်မြှင့်ဂိမ်းကစားနည်းပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 16,2025
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် “ထက်အောင်” ကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်၍ ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက် ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီခန့်က “ထက်အောင်” ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။