Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင် များ အခမဲ့ဖြန့်ဝေ
Jun 24,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင်၊ မိုးနဲ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၁ခု နှစ် ဇွန် လ၂၆ရက်နေ့တွင်ကျရောက် မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ယနေ့ နံနက်ပိုင်းအချိန် က အခြေခံကျောင်းများမှ ကျောင်းသူ/ ကျောင်း သား များ နှင့်ဆရာ ဆရာမများ ဌာနဆိုင်ရာများကို စိတ် ကိုပြောင်းလဲစေတတ်သော မူးယစ်အန္တရာယ် သိရှိစေရန်ရည်ရွယ်၍ အခမဲ့သွားရောက် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာခရိုင်တွင် မိုးနှောင်းချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်စိုက်ဧက ၄၇၅ ဧကနှင့် အထူးဇုံစိုက်ဧက ၆၃၅ ဧက စိုက်ပျိုးသွားမည်
Jun 24,2021
မိတ္ထီလာခရိုင်အတွင်းရှိ ဒေသခံတောင်သူများ ဝါမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး Quick Win အစီအစဉ်ဖြင့် မိုးနှောင်း ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်စိုက်ဧက ၄၇၅ ဧကနှင့် တိုင်းဒေသကြီး အစီအစဉ်ဖြင့် မိုးနှောင်းချည်မျှင်ရှည်ဝါအထူးဇုံစိုက်ဧက ၆၃၅ ဧကတို့ကို စိုက်ပျိုးသွားမည် ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်မြေသာစံမြို့နယ်တွင်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝန်းသိုမြို့နယ်ရှိ ကျေးရွာ နှစ်ရွာတွင် VDP စီမံကိန်းရန်ပုံငွေဖြင့် ရွာတွင်းကွန်ကရစ် လမ်းခင်း ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Jun 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ဆည်ကြီးရွာဟောင်းနှင့် ဆည်ကြီးရွာသစ် ကျေးရွာတို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ကျေးရွာပြည်သူများကိုယ် တိုင်ဆောင်ရွက်ခဲ့သော ရွာတွင်းလမ်းများကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းတာဝန်ခံ ဒေါ်ငုဝါဆန်းနှင့်ဌာန အင်ဂျင်နီယာတို့ ကွင်းဆင်းစစ်ဆေးချက်အရ သိရသည်။
အပြည့်အစုံ ဖတ်ရန်
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ
Jun 24,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၁ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့ နံနက်၉ နာရီ ၃၀ မိနစ်အချိန်က မူဆယ်မြို့တွင်းရှိ အခြေခံပညာကျောင်းများ၊ ဈေး၊ ကားဂိတ်များ၊ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်း စာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုသိန်းနှင့် ဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းက ငဖဲမြို့အခြေခံပညာ အထက်တန်းကျောင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်နှင့်လူစည်ကားသောနေရာများတွင် အခမဲ့ဖြန့်ဝေပေး ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေသတွင်း ငါးစားသုံးမှုဖူလုံရေးနှင့် ရေချိုငါးသယံဇာတများ တိုးပွားရေးအတွက် ဧရာဝတီမြစ်အတွင်း ငါးမျိုး ပေါက်ကောင်ရေ နှစ်သိန်း စိုက်ထည့်
Jun 24,2021
ရွှေဘိုခရိုင်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသတွင်း ရေချိုငါးသယံဇာတများမပြုန်းတီးစေရေး၊ ရေချိုငါးများ ဒေသတွင်းဖူလုံစွာ စားသောက်နိုင်ရေးအတွက် မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ဆည်တမံနှင့်စပါးခင်းများအတွင်း ငါးမျိုးများ နှစ်စဥ် စိုက်ထည့်ပေး လျက်ရှိရာ ဇွန်လ ၂၄ ရက်နေ့၊နံနက် ၉ နာရီအချိန်တွင် ရွှေဘိုမြို့နယ် ကျောက်မြောင်း မြို့ ရတနာသိင်္ဃ တံတား အနီး ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးများစိုက် ထည့်ခြင်းအခမ်း အနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဖူဆယ်၊ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Jun 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အားကစားခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်၌ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၏ ၂၀၂၁-ခုနှစ် မြို့နယ်အားကစားဖွံဖြိုးတိုးတက်ရေး အစီအစဉ်အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဖူဆယ်၊ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26707
Page
26708
Page
26709
Page
26710
Current page
26711
Page
26712
Page
26713
Page
26714
Page
26715
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department