ပင်လုံမြို့ အ.ထ.က-၂ကျောင်း၌ ၂၀၂၄-၂၀၂၅ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပခြင်း အခမ်းအနား ကျင်းပ

ပင်လုံ ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပင်လုံမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၉)အချိန်က ကျင်းပဆောင်ရွက်ခဲ့ပါသည်။    

အဆိုပါ အခမ်းအနားကို အ.ထ.က(၂)၏ ဘင်ခရာအဖွဲ့မှနိုင်ငံတော်အလံအား အလေးပြုခြင်း၊ ဘင်ခရာအဖွဲ့မှသရုပ်ပြတင်ဆက်ခြင်းနှင့် Grade-7 နှင့် Grade-9 ကျောင်းသား/ ကျောင်းသူလေးများက စုံညီပွဲတော်ဒို့နွဲပျော်​ သီချင်း​​ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး အမှတ်(၂) ဝန်တင်တပ်ရင်း တပ်ရင်းမှူးက အဖွင့်အမှာစကားပြောကြားခြင်း၊ ပင်လုံမြို့ မြို့အုပ်ချုပ်ရေးမှူးက အမှာစကားများပြောကြား၍ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ

ဦးစိုင်းမွန်းမှ ကျောင်း၏ကိစ္စအရပ်ရပ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းအကြောင်းကို ဆွေးနွေးတင်ပြခဲ့ပြီးနောက် ပညာရည်ချွန်ဆု၊ ဘက်စုံထူးချွန်ဆုရ ကျောင်းသား၊ကျောင်းသူများ ကျောင်းတက်အမှန်ဆုံးဆုရ ဆရာ/ဆရာမများအား တက်ရောက်လာကြသော အမှတ်(၂)ဝန်တင်တပ်ရင်းမှတပ်ရင်းမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှမြို့အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပအိုဝ်းစာပေ၊ ရှမ်းစာပေယဥ်ကျေးမှူးကော်မတီများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအုပ်ဆရာမကြီးများ၊ အငြိမ်းစားကျောင်းအုပ်ဆရာမကြီးများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ပြီးနောက် ဖျော်ဖြေရေးအစီအစဉ်များဖြင့် အသီးသီးကပြဖျော်ဖြေခဲ့ကြပြီး အထက်တန်းကျောင်းသူလေးများ၏ လမ်းပြကြယ်သီချင်းဖြင့် အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရပါသည်။

မြို့နယ်(ပြန်/ဆက်)