ကလောမြို့နယ်၊ ကြေးကုန်းကျေးရွာအခြေခံပညာမူလတန်း(လွန်)ကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကလော ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက ကြေးကုန်းကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကြေးကုန်းကျေးရွာ၊အခြေခံ ပညာမူလတန်း(လွန်)ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူသန်းက အဖွင့်အမှာစကားပြောကြားပြီး ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန  ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအဖြစ် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကိုလည်းကောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား၊ကျောင်းသူများအား စာဖတ်ခြင်းကြောင့်ရရှိလာမည့် အကျိုးကျေးဇူးတို့ကိုလည်းကောင်း၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗလငါးတန်အကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ကျောင်းသူများအား ပြင်ပဗဟုသုတများတိုးပွားစေရေးအတွက် သုတ၊ရသစာအုပ်စာစောင်များ ဖတ်ရှုစေခဲ့ပြီး စာကြည့်တိုက်သမိုင်းအသိပညာပေးနံရံကပ်စာစောင်နှင့် လူကုန်ကူးမှုမခံရအောင်ရှောင်ရှားအမည့် အချက်များပါဝင်သည့် အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာဖတ်ရှုကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)