တွံတေးမြို့နယ်၌ ကျေးရွာချင်းဆက်လမ်းများချိတ်ဆက် ကွန်ကရစ်လမ်းခင်းနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

တွံတေး မေ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်းများဖြစ်သည့် အိုးဖိုအနောက်-ခလုပ်-အုန်းပင်ချောင်း-ရွှေလှေချောင် (တွံ) လမ်းပိုင်း ကွန်ကရစ်ခင်းရန်အရှည် ၆၂၅၀ ပေ ဆက်လက်ခင်းပေရန်ကျန်ရှိမှုကို ယမန်နေ့နံနက် (၉) နာရီအချိန်က အဆိုပါကျေးရွာလမ်းအား ပူးပေါင်းအဖွဲ့မှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာချင်းဆက်လမ်းများ ချိန်ဆက်ကွန်ကရစ်လမ်းဖြစ်သည့် အိုးဖိုအနောက်-ခလုပ်-အုန်းပင်ချောင်း-ရွှေလှေချောင် (တွံ) လမ်းပိုင်းကွန်ကရစ်ခင်းရန်အရှည်ပေ ၆၂၅၀ ဆက်လက်ခင်းပေးရန်ကျန်ရှိမှုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခင်ဇော်၊ မြိုနယ်ကျေးလက်လမ်းဦးစီးဌာနမှ ဦးသိန်းမြင့်စိုးပူးပေါင်းအဖွဲ့နှင့်အတူ ရပ်၊ ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများပြည်သူများတွေ့ဆုံပြီး လမ်းအကျယ်သတ်မှတ်ချက်ပြည့်မီအောင် ကြိုတင်စီမံဆောင်ရွက်ရမည့်အချက်များကို ဒေသခံများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဆောင်သောပူးပေါင်းအဖွဲ့သည် မြေသားလမ်းပိုင်းအား ကွင်းဆင်းကြည့်ရှုကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က လိုအပ်ချက်များအကြံပြုဆွေးနွေးခဲ့သည်။ အဆိုပါကျေးရွာချင်းဆက်လမ်းများချိတ်ဆက် ကွန်ကရစ်လမ်းပြီးစီးသွားပါက မြို့ပေါ်သို့ ၂၄ နာရီရာသီမရွေး အချိန်မရွေးဆက်သွယ်သွားလာနိုင်မည့်ဖြစ်သဖြင့် ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ သယ်ယူပို့ဆောင်ရေး အဆင်ပြေသွားမည်ဖြစ်ဖြစ်ကြောင်း သိရသည်။

မျိုးလှိုင်