နွားထိုးကြီး မေ ၁၅
နွားထိုးကြီးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရက်(၁၀၀)စီမံချက်ဖြင့် နွားထိုးကြီးမြို့မအုပ်စုရှိ တောင်သူများအား ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းကို ယနေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခင်မာထွေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်ထားနွယ်မှ ဆီထွက်သီးနှံ(မြေပဲ၊နှမ်း၊နေကြာ)ပန်းတိုင်အထွက်နှုန်းရရှိရေးနည်းပညာများအကြောင်းရှင်းလင်းဆွေးနွေးခဲ့သည်။ ဒေါ်ဝတ်မှုန်သိန်း၊ လက်ထောက်ဦးစီးမှူးမှ ဆီထွက်သီးနှံစိုက်ပျိုးမှု တစ်ဧကကုန်ကျစရိတ်နှင့်အကျိုးအမြတ် အကြောင်းကို တောင်သူများအား မေးမြန်းဆွေးနွေးပြီး ပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပြီး သင်တန်းတွင် မြို့မတောင်သူ (၂၀)ဦး၊ ဌာနဆိုင်ရာဝန်ထမ်း(၁၄)ဦး၊ စုစုပေါင်း(၃၄)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
တင့်လွင်ဦး