အမြို့မြို့အနယ်နယ်သတင်းများ

May 15,2026
မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း သဘာဝဘေးနှင့်အခြားသောဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးပစ္စည်းများ အသင့်စုဖွဲ့ပြင်ဆင်ထားရှိကြောင်း ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
May 15,2026
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့၏ခွင့်ပြုရန်ပုံငွေဖြင့် လယ်‌ယာမြေအဆင့်မြှင့်တင်ခြင်း (စနစ်ကျ) (၂၀၀) ဧက ဖော်ထုတ်ခြင်းလုပ်ငန်းကို ကျိုက်ထိုမြို့နယ်စက်မှု လယ်ယာဦးစီးဌာန အမှတ် (၈၃) စက်မှုလယ်ယာစခန်းမှ‌ ယမန်နေ့နံနက်ပိုင်းတွင် ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာ ကွင်းအမှတ် (၁၈၈) (OSS) သောင်ကွင်း၌ ဆောင်ရွက်ခဲ့သည်။
May 15,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စု၊ မင်းတဲလေးကျေးရွာ တောင်သူ ဦးစိုးမင်းလတ်လယ်​​မြေ၌ ယနေ့နံနက်ပိုင်းက GW 11 မျိုး နွေစပါးအထွက်နှုန်း စံပြကွက်ရိတ်သိမ်းပွဲကျင်းပခဲ့ရာ ခရိုင်/မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုကြသည်။
May 15,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်းနှင့် UID ကတ်များ ထုတ်ပေးခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးသန်းဇော်ဦး၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ အသက်(၁၀)နှစ်အထက် ပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
May 15,2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြစ်ကြီးနားမြို့နယ်ဦးစီးမှူးရုံးမှ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြို့နယ်အတွင်းရှိ ပြည်သူများအတွက် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းအခမ်းအနားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ UID ထုတ်ပေးခြင်းလုပ်ငန်းများအား ဆက်လက်ဝန်ဆောင်မှုပေးနေမှုများကို ယမန်နေ့နံနက်ပိုင်းတွင် မြစ်ကြီးနား မြို့နယ် စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။
May 15,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုး၊ မြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ညောင်ကုန်းလေးကျေးရွာ ဓမ္မာရုံ၌ပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်လွင်ဦးနှင့်ဝန်ထမ်းများ၊ ညောင်ကုန်းလေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့် ကျေးရွာသူ၊‌ ကျေးရွာသားများ တက်ရောက်ခဲ့ကြသည်။
May 15,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးလေဆိပ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် လေ့လာရေးခရီးစဉ်များမှ ပြန်လည်ရောက်ရှိလာကြသည့် ကလေးမြို့နယ်ဂုဏ်ဆောင် လူရည်ချွန်မောင်မယ်များအား ယနေ့မွန်းလွဲ ၃ နာရီအချိန်က ဒေသကွပ်ကဲစစ်ဌာနချုပ်(ကလေး)မှ ဒေသကွပ်ကဲ‌ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အိုးစည်ဒိုးပတ်များဖြင့် နွေးထွေးပျူငှာစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။