လသာမြို့နယ်တွင် ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပတ်ဝန်းကျင်ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်

လသာ မေ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်သူနာပြုတက္ကသိုလ်မှ သူနာပြုသိပ္ပံ (ပုံမှန်) သင်တန်းသား/သူများ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းအချိန်ကမြို့နယ် အမှတ် (၅) ရပ်ကွက်အတွင်း ကွင်းဆင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခြင်ကြောင့်ဖြစ်ပွားတတ်သော ကူးစက်ရောဂါများ၊ အစားအသောက်နှင့် ရေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများအား ကျန်းမာရေးပညာပေးခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ရေဝပ်နေသည့်နေရာများ စစ်ဆေးရှင်းလင်းခြင်းနှင့် လုပ်ငန်းခွင်ပတ်ဝန်းကျင်ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုသည် ပြည်သူများ ကျန်းမာရေးအသိပညာတိုးပွားစေရေးနှင့် ကူးစက်ရောဂါများ ဖြစ်ပွားမှုလျော့နည်းစေရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး သိရသည်။

နေလင်း