နွားထိုးကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံပွဲ ကျင်းပ

နွားထိုးကြီး မေ ၁၅

နွားထိုးကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဗျူဟာမှူး ဗိုလ်မှူးကြီး သိန်းဇော်နှင့် နွားထိုးကြီးမြို့ ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံပွဲကို မေလ ၁၄ ရက်နေ့ နံနက် ၉ နာရီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ဗျူဟာမှူး ဗိုလ်မှူးကြီး သိန်းဇော်မှ နွားထိုးကြီးမြို့ပေါ်တွင်တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းစွာနေထိုင်ကြပြီး မိခင်ဌာန၏လုပ်ငန်းတာဝန်များ ကျေပွန်စွာဆောင်ရွက်ကြခြင်းဖြင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ မိမိတို့ဆောင်ရွက်နေကြသည့်ဌာနလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးကြပြီး လုပ်ငန်းအခတ်အခဲများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဟု ဗျူဟာမှူးမှ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တွေ့ဆုံပွဲသည် မွန်းလွဲ ၁၂ နာရီတွင် ပြီးစီးကြောင်း သိရသည်။

တင့်လွင်ဦး