ရန်ကုန် ဇန်နဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ကမာရွတ်မြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၁) ရပ်ကွက် အောင်မြေသာစည်လမ်းရှိ မြိုင်တည်းခိုခန်းနှင့် နဝရတ်ကွန်ဒိုတို့အား မြို့နယ်မီးသတ်စခန်းမှ ဒုတိယမြို့နယ်ဦးစီးမှူး ဦးဆောင်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများစနစ်တကျထားရှိရေး ရေရရှိစေရန် မြို့နယ်အတွင်းတပ်ဆင်ထားသော မြေအောက်ရေပိုက်ခေါင်း (Hydrants) များ၊ စက်ရေတွင်းများ၊ ကောင်းမွန်မူရှိစေရေးနှင့်၊ အသုံးပြုနိုင်ရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရာတွင် ကမာရွတ်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့၀င်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ၀န်ထမ်းများမှပူးပေါင်း၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)