ရန်ကင်းမြို့နယ် အမှတ်(၆)ရပ်ကွက် ကံဘဲ့လမ်းရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)ရုံးခွဲမှ ၀န်ထမ်းများအားမီး ဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် ရှေးဦးလက်တွေ့မီးငြိမ်းသတ်ရေး သရုပ်ပြဆောင်ရွက်

ရန်ကင်း ဇန်နဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် ကံဘဲ့လမ်းရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ရုံးခွဲမှ ၀န်ထမ်းများအား မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး အတွက်မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး‌ဟောပြောခြင်းနှင့် ရှေးဦးလက်တွေ့မီးငြိမ်းသတ်ရေးသရုပ်ပြမှုများအား ဇန်နဝါရီ ၁၅ ရက်နေ့ နံနက်(၁၀)နာရီမှ ၁၁ နာရီ ၁၅ မိနစ်အချိန်ထိ သရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ၀န်ထမ်းများအနေဖြင့် မီးကြောင့်အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးထိခိုက်မှုများမရှိစေရေး၊ မီးချိတ်မီးကပ်များနှင့် သဲအိတ်များထားရှိကြရန်၊ ရှုပ်ထွေးနေသော ဝါယာကြိုးများနှင့် ဆွေးမြေ့နေသော ဝါယာကြိုးများအား လဲလှယ်ခြင်းများ ပြုလုပ်ကြရန်၊ ရေသိုလှောင်ကန်ထားရှိရန်၊ ရုံးဆင်းရုံးပြန်မိန်းတင်မိန်းချ‌သေချာစွာပြုလုပ်ပြီးမှ အိမ်ပြန်ကြရန်ခြင်းများအား ရှင်းလင်းပြောကြားပေးခဲ့ပြီး ရှေးဦးလက်တွေ့မီးငြိမ်းသတ်ပုံအဆင့်ဆင့်၊ မီးသတ်ဆေးဘူး အသုံးပြုပုံအဆင့်ဆင့်တို့အား လက်တွေ့သရုပ်ပြဆောင်ရွက်‌ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာ၀န်ရှိသူများနှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO)မှ ၀န်ထမ်းအင်အား စုစုပေါင်း(၃၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ရဲလေး (ပြန်ဆက်)