အမြို့မြို့အနယ်နယ်သတင်းများ

May 28,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ မြို့မဈေးကြီးရှေ့၌ မီးငြှိမ်းသတ်ရေးသရုပ်ပြသခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
May 28,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ရက်(၁၀၀) အားကစားလှုပ်ရှားမှုဖြင့် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ပူးပေါင်းကျင်းပသော မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီ ဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈)နာရီက မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားခန်းမတွင် ကျင်းပခဲ့သည်။
May 28,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံးခန်းမတွင် စားသုံးသူရေးရာဆိုင်ရာ အသိပေးထုတ်ပြန်ချက် များအား ထပ်ဆင့်အသိပေးဟောပြောဆွေးနွေးကြသည်။
May 28,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၌ ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 28,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း အများပြည်သူများ ဓာတ်အားပြည့်၀ရရှိသုံးစွဲနိုင်ရေးအတွက်  ရပ်ကွက်များအတွင်း ထရန်စဖော်မာအသစ်များနှင့် ၁၁ကေဗွီကောင်းကင်လိုင်း (၁၀၁၀) ပေ အသစ်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယခုအခါ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီးဖြစ်သည်။
May 28,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ယမန်နေ့နံနက် (၉​)နာရီတွင် ကျင်းပပြုလုပ်သည်။
May 28,2026
‎ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ မေလ ၂၇ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပရာ မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အခွန်ထမ်းပြည်သူများ တက်ရောက်ကြသည်။
May 28,2026
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများသည် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ အဖွဲ့(၂)ဖွဲ့ခွဲကာ ဌာနာရပ်ကွက်သို့ ဒုတိယနေ့အဖြစ် ကွင်းဆင်းသွားရောက်၍ ရက်(၁၀၀) စီမံချက်တွင်ပါဝင်သော ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့သည်။