အမြို့မြို့အနယ်နယ်သတင်းများ

Jan 14,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အင်းဒေါင်းကျေးရွာ၌ ဒေသခံရပ်မိရပ်ဖများက ဦးဆောင်ကာ အမေများနေ့အထိမ်းအမှတ် (၂၄) ကြိမ်မြောက် သက်ကြီးဘိုးဘွားများအား ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါ ကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။
Jan 14,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသခံပြည်သူများအား စားအုန်းဆီတစ်ပိဿာလျှင် (၈၄၀၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကို ရှမ်းပွဲရပ်ကွက်အတွင်းရှိ ဒေါ်ဇာဇာကုန်စုံဆိုင်ရှေ့၌ ယနေ့နံနက် (၈) နာရီအချိန်က ရောင်းချပေးခဲ့ကြောင်း သိရသည်။
Jan 14,2025
ကချင်ပြည်နယ်၊ ပူတာအိုဒေသအတွင်း စားဆီဖူလုံရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် MSME ကုန် ထုတ်လုပ်ငန်းများ တက်မြင့်မားလာစေရေး ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပူတာအိုမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအကူအညီဖြင့် ဖြစ်ထွန်းအောင်မြင်လျက်ရှိသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Jan 14,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က မုန်ပင်ဆည်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jan 14,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော် မြတ်ကြီးတွင် မြတ်စွာဘုရားရှင်နှင့် ရဟန္တာမထေရ်အပါး (၅၀၀) တို့အား (၅၀၁) ဆူ စတုမဓူ ဆေးဆွမ်းတော်ကပ်လှူပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးအာရုံခံတန်ဆောင်းတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Jan 14,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်၊ ပညာရေးဌာနတို့ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ပိတောက်မြိုင်ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။
Jan 14,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က (သင်္ဂတုံ)တို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သင်္ဂတုံကျေးရွာ "ဘဝအလင်းသစ်"စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေး ‌ ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 14,2025
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး နှင့်စာဖတ်ရှိန်မြှင်တင်ရေး လှုပ်ရှားမှုကော်မတီမှကြီးမှူးကျင်းပမည့် စာဖတ်ရှန်မြှင့်တင်ရေးလှုပ်ရှားမှု အနေဖြင့် စာစီစာကုံး၊ ကျပန်းစကားပြော၊ ပုံပြင်၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကို ဇန်နဝါရီ ၁၅ ရက်မှ ၁၇ ရက်နေ့အထိ ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။