Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သားဖွားသင်တန်းကျာင်း-မန္တလေး၊ ဘက်စုံသားဖွားဒီပလိုမာ၊ အမှတ်စဉ်(၉) သင်တန်းသူများအား အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ ကျင်းပ
Jan 14,2025
သားဖွားသင်တန်းကျာင်း-မန္တလေး၊ ဘက်စုံသားဖွားဒီပလိုမာ၊ အမှတ်စဉ်(၉) သင်တန်းသူများအား အလုပ်ခန့်အပ်လွှာပေးအပ်ပွဲကို ယနေ့နံနက် (၉) နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၆၈လမ်း× ၃၁လမ်းရှိ အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်၊ သားဖွားသင်တန်းကျောင်း၊ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ ဗဟိုအမျိုးသမီးဆေးရုံအုပ်ကြီး ဒေါက်တာဝင်းပပဝင်းနှင့် အဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဥက္ကဋ္ဌ၊ သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးဒေါ်ခင်ချိုမြင့်နှင့် ပညာရေးအဖွဲ့ဝင်များ၊ ကျောင်းအုပ်များ၊ နည်းပြများနှင့် သားဖွားသင်တန်းဆင်းကျောင်းသူ(၃၃)ဦး တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့၌ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲ
Jan 14,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် မြို့နယ်အားကစားကွင်း မိုလုံလေလုံအားကစားရုံ၌ ယမန်နေ့ မွန်းလွဲပိုင်းက အသက် (၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအတွက် အုပ်စုမဲခွဲမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့နယ်လုံးဆိုင်ရာသတ္တဌာနဘုရားကြီး၏ (၁၃၅)ကြိမ်မြောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ
Jan 14,2025
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်လုံးဆိုင်ရာ သတ္တဌာနဘုရားကြီး၏ (၁၃၅)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီက သတ္တဌာနဘုရားကြီးဝင်းအတွင်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေ (၂၅၃)သိန်း ထုတ်ချေးပေးခဲ့
Jan 14,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန်နှင့် ဒေသခံတောင်သူများ အခက်အခဲမရှိ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေကျပ်(၂၅၃)သိန်း ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း အဆိုပါ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ်ရှိ လျှပ်စစ်ရေတင်လုပ်ငန်းနှစ်ခုမှ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် စိုက်ဧကပေါင်း ၁၃၀၀ အတွက် စိုက်ပျိုးရေများ ဖြန့်ဝေပေးသွားမည်
Jan 14,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)လက်အောက်ရှိ ကမ်းနီလျှပ်စစ်မြစ်ရေတင်လုပ်ငန်းနှင့် ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်းနှစ်ခုမှ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးနှင့် အခြားသီးနှံ ဧကပေါင်း ၁၃၀၀ အတွက် စိုက်ပျိုးရေများကို စတင်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်ခရိုင် (ဗဟို)အဆင့် လူရည်ချွန်စာမေးပွဲ ကျင်းပ
Jan 14,2025
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်အနေဖြင့် နိုင်ငံတော်အတွက် အရည်အချင်းမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေးအတွက် ဘက်စုံထူးချွန်သည့် ကျောင်းသား၊ကျောင်းသူများ လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပြီး လူရည်ချွန် ကျောင်းသား/ကျောင်းသူများ မွေးထုတ်ပေးနိုင်ရေး ယမန်နေ့ နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောက်ဆည်ခရိုင်(ဗဟို)အဆင့် လူရည်ချွန်စာမေးပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်၊ အ.မ.က-အောက်ကင်းအရှေ့ကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆု ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Jan 14,2025
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ဆင်ခြေဖုန်းကျေးရွာအုပ်စု-အောက်ကင်းအရှေ့ အခြေခံပညာမူလတန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ၎င်းကျောင်းခန်းမအတွင်း ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်မှစ၍ စည်ကားစွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြို့နယ် ကျွန်းရောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 14,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျွန်းရောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2066
Page
2067
Page
2068
Page
2069
Current page
2070
Page
2071
Page
2072
Page
2073
Page
2074
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department