အမြို့မြို့အနယ်နယ်သတင်းများ

Jan 14,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်လူမှုဖူလုံရေးအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
Jan 14,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ဆုတောင်းပြည့်မယ်လမုစေတီတော်ကြီးတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန် ဆုတောင်းပြည့်မယ်လမုစေတီတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 14,2025
ပွင့်လင်းရာသီကာလ ရောက်ရှိလာပြီဖြစ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး အသိပညာပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 14,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အခြေခံပညာ မူလတန်းကျောင်း (၅) ကျောင်းတွင် ယနေ့နံနက် (၉) နာရီခွဲအချိန်က ကျောင်းအခြေပြုတီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းများကို ကျန်းမာရေးဆရာမများမှ လိုက်လံဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
Jan 14,2025
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးဆောင်ကာ မြို့နယ်ပညာရေးဌာနနှင့်ပူးပေါင်းပြီး ကျောင်းသားကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံစေရန်ရည်ရွယ်ပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက မုံရွာမြို့ လယ်တီရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 14,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။
Jan 14,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ခု ဘဏ္ဌာရေးနှစ်အတွင်း ပန်းတနော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးလက် လမ်းတံတားလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား ယမန်နေ့ ညနေပိုင်းတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဦးကျော်ကျော်ထွေး အင်ဂျင်နီယာချုပ်(မြို့ပြ)နှင့်အဖွဲ့တို့မှ လာရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 14,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဆိုလာစွမ်းအင်သုံးရေသန့်စင်စနစ်အသုံးပြု၍ သောက်သုံးရေစတင်ပေးဝေခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၇)နာရီ၌ အမှတ်(၇)ရပ်ကွက်၊ တေးဥယျာဉ်မင်္ဂလာကန်‌တော်တွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့်၀န်ကြီးများ၊ ရန်ကုန်မြို့‌တော်စည်ပင်သာယာ‌ရေး၊ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။