ကန့်ဘလူမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်ဗလငါးတန်ဖွံ့ဖြိုးရေး ပြိုင်ပွဲများကျင်းပပြုလုပ်မည်

ကန့်ဘလူ ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး နှင့်စာဖတ်ရှိန်မြှင်တင်ရေး လှုပ်ရှားမှုကော်မတီမှကြီးမှူးကျင်းပမည့် စာဖတ်ရှန်မြှင့်တင်ရေးလှုပ်ရှားမှု အနေဖြင့် စာစီစာကုံး၊ ကျပန်းစကားပြော၊ ပုံပြင်၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကို ဇန်နဝါရီ ၁၅ ရက်မှ ၁၇ ရက်နေ့အထိ ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် အထက်တန်းဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ်တန်းဆင့် စာစီစာကုံးနှင့်ပုံပြင်ပြောပြိုင်ပွဲ၊ မူလတန်းဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ပုံပြင်ပြောပြိုင်ပွဲများကို ကျင်းပပြုလုပ်မည်ဖြစ်ရာ ကန့်ဘလူမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသူကျောင်းသားကျောင်းသူများအား ကန့်ဘလူမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)