မိတ္ထီလာ ဇန်နဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က မုန်ပင်ဆည်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာက အသိပညာပေး ဟောပြောပွဲကျင်းပခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် မြို့နယ်အတွင်း မီးခိုးမြူငွေ့ညစ်ညမ်းမှုကို ဖြစ်ပေါ်စေသော တောမီးနှင့်အခြားအကြောင်းအမျိုးမျိုးတို့ကြောင့် မီးလောင်ကျွမ်းခြင်းတို့ကို ကာကွယ်နိုင်ရန်အတွက် အသိပညာပေး ဟောပြောခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဝန်းထမ်းများက မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် တာဝန်ရှိသူများ၊ ကျေးရွာသူကျေးရွာသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)