အမြို့မြို့အနယ်နယ်သတင်းများ

Jan 14,2025
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ခေါင်တိုင်ကျေးရွာ အလင်းရောင် စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အဆိုပါစာကြည့်တိုက် အဆောက်အဦရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 14,2025
 မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ဆေးဝါးတက္ကသိုလ်(မန္တလေး) ၌  ၂၀၂၅ ပညာသင်နှစ် အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နေ့လယ် ၁ နာရီခွဲအချိန်က အဆိုပါတက္ကသိုလ် ပင်မဆောင်ရှေ့တွင် ကျင်းပခဲ့သည်။
Jan 14,2025
မွန်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂ဝ၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျိုက်ထီးရိုးစေတီ‌တာ်မြတ်ကြီးအပါအဝင် တန်ခိုးကြီးစေတီပုထိုးများ၊ သာသနိကအဆောက်အဦများ ခရီးသွားဒေသများတွင် ခရီးသွားဧည့်သည်များ ဝင်ရောက်လာနေသည်ဖြစ်သည့်အတွက် ဘေးကင်းလုံခြုံမှု၊ ဒေသထွက်အစားအစာများ အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်ရောင်းချမှုနှင့် ခရီးစဉ်ဒေသများတွင် လမ်းညွှန်အမှတ်အသားများထားရှိစေရေး ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတက်အောင် ဆောင်ရွက်ပေးကြရန်နှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းဖန်တီးပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
Jan 14,2025
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပြည်မြို့  အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲ ကွင်း‌ဆင်းဆောင်ရွက်ခဲ့သည်။
Jan 14,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရှိ ပုဂ္ဂလိကဘဏ်များတွင် CCTV တပ်ဆင်ထားရှိမှုနှင့် အချက်ပေးစနစ်တပ်ဆင်ထားရှိမှုများ ကြည့်ရှုစစ်ဆေးခြင်းကို ၂၀၂၅ ခုနှစ်၊ ယနေ့နံနက်(၁‌၀)နာရီ၌ အမှတ် (၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ တာ၀န်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးလျက်ရှိသည်။
Jan 14,2025
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များအား စာကြည့်တိုက် ပညာသင်တန်းအမှတ်စဉ်(၅) ဒုတိယနေ့သင်တန်းကို ယနေ့နံနက် ၉ နာရီတွင် လှိုင်မြို့နယ်ရှိ လှိုင်စင်တာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 14,2025
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် (မဲခေါင်- လန်ချန်း) ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ-၂၀၂၂ စီမံကိန်းဖြင့်ဆောင်ရွက်သည့် ကြံသီးနှံစိုက်ကွင်း သရုပ်ပြပွဲနှင့် တောင်သူအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်မြို့ အနောက်လက်ခုပ်ပင်အုပ်စုရှိ တောင်သူ ဦးဉာဏ်ဝင်း၏ KK3 ကြံသီးနှံ (၅ ဧက)စံပြစိုက်ခင်း၌ ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံ ကြံသီးနှံစိုက်တောင်သူများ တက်ရောက်ခဲ့ကြသည်။
Jan 14,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း ရာပြည့်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။