ပြည် ဇန်နဝါရီ ၁၄
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပြည်မြို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် အဆိုပါကျောင်းမှ Grade-9 ကျောင်းသား၊ ကျောင်းသူ ၁၅၀ ခန့်အား ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက လူကုန်ကူးမှုတာဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာသိကောင်းစရာအကြောင်းကိုလည်းကောင်း၊ ပြည်ခရိုင်တိုင်းဆေးပညာဦးစီးဌာနမှူး ဒေါ်ခိုင်ဝါဝါအောင်က ဆေးဖက်ဝင် မီးဖိုချောင်သုံးပစ္စည်းများ၏ အသုံးဝင်ပုံအကြောင်းကိုလည်းကောင်း၊ ပြည်မြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာမောင်စိမ့်စမ်း(သဲကုန်း) ကျောင်းအုပ်ကြီး(ငြိမ်း)က စာမေးပွဲအထောက်ကူပြုအကြံပြုချက်၊ စာဖတ်နည်းများနှင့် မြန်မာ့ရိုးရာ/တိုင်းရင်းသားရိုးရာ စကားပုံများအကြောင်းကိုလည်းကောင်း အသိပညာပေးဆွေးနွေးဟောပြောကြရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အဆိုပါကျောင်းမှ ကျောင်းအုပ်ကြီးက အသိပညာပေးလုပ်ငန်းများဆောင်ရွက်ပေးမှုအတွက် ကျေးဇူးတင်စကားပြောကြားပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နယ်လှည့်ရွေ့လျားစာကြည့်တိုက်သုံး ဘီးယာဉ်ဖြင့် ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်စာစောင်များ၊ စာဖတ်ဖတ်ရှိန်မြှင့်တင်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်သိမှတ်ဖွယ် အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်တစား ဖတ်ရှုလေ့လာကြကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)