မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း မွန်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂ဝ၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မော်လမြိုင် ဇန်နဝါရီ ၁၄

မွန်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂ဝ၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျိုက်ထီးရိုးစေတီ‌တာ်မြတ်ကြီးအပါအဝင် တန်ခိုးကြီးစေတီပုထိုးများ၊ သာသနိကအဆောက်အဦများ ခရီးသွားဒေသများတွင် ခရီးသွားဧည့်သည်များ ဝင်ရောက်လာနေသည်ဖြစ်သည့်အတွက် ဘေးကင်းလုံခြုံမှု၊ ဒေသထွက်အစားအစာများ အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်ရောင်းချမှုနှင့် ခရီးစဉ်ဒေသများတွင် လမ်းညွှန်အမှတ်အသားများထားရှိစေရေး ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတက်အောင် ဆောင်ရွက်ပေးကြရန်နှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းဖန်တီးပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မွန်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဇေယျာထွန်းက ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း​ဖွံ့ဖြိုးတိုးတက်​ရေး ​ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ မွန်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဝင်များမှ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ခဲ့ကြမှုအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖြည့်စွက်‌‌ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)