ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များအား စာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ်(၅) ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များအား စာကြည့်တိုက်ပညာသင်တန်းအမှတ်စဉ်(၅) ဒုတိယနေ့သင်တန်းကို ယနေ့နံနက် ၉ နာရီတွင် လှိုင်မြို့နယ်ရှိ လှိုင်စင်တာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဒေါ်ဖြူဖြူဥမှ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်ဥပဒေဘာသာရပ်ကိုလည်းကောင်း၊ ဦးဟိန်းလတ်မှ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဘာသာရပ်ကိုလည်းကောင်း၊ ဒေါက်တာထွန်းအောင်ကျော်မှ ကတ်တလောက်လုပ်ငန်းအကြောင်းကိုလည်းကောင်း၊ ဒေါက်တာလှိုင်လှိုင်ကြီးက စာစုလုပ်ငန်းများအကြောင်းကိုလည်းကောင်း၊ ဒေါ်ခင်လေးစိုးမှ စာငှားလုပ်ငန်းကိုလည်းကောင်း၊ ဒေါ်သောင်းဗျတ်ပါရ်မှ မျိုးတူစုလုပ်ငန်းအကြောင်းကိုလည်းကောင်း၊ ဒေါ်ခင်စောလင်းမှ ပြည်သူ့စာကြည့်တိုက်ပြုစုပျိုးထောင်ခြင်းအကြောင်းကိုလည်းကောင်း အသီးသီး သင်ကြားပို့ချကြသည်။

သင်တန်းကာလမှာ ၁၃.၁.၂၀၂၅ မှ ၁၅.၁.၂၀၂၅အထိ ဖြစ်ပြီး သင်တန်းသားဦးရေ (၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။

ကျော်ဆန်းမြင့်(ပြန်/ဆက်)