အမြို့မြို့အနယ်နယ်သတင်းများ

Jan 14,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးနှင့်မီးငြှိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည်ပြည့်ဝစေရေးအတွက် လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Jan 14,2025
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်း‌ကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပရာ စုံညီပွဲတော်အား အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “အလှစစ်ဂုဏ်ရည် ထ(၁)စုံညီ” သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
Jan 14,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မှုခင်းလျော့နည်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပခဲ့သည်။
Jan 14,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Jan 14,2025
ရှမ်းပြည်နယ်‌(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်‌စောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးလောင်မှုနှင့်စပ်လျဉ်း၍ မီးလောင်မှု၏ သဘောသဘာဝများသိရှိနားလည်ပြီး ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်နိုင်‌စေရန်နှင့် ဖြစ်ပွားလာပါက အမြန်ဆုံးတုန့်ပြန်‌ဆောင်ရွက်နိုင်ရန်‌၊ ကျောင်းသား/ကျောင်းသူများမှတစ်ဆင့် မီးသတ်ပညာရပ်များ ပြည်သူလူထုထံသို့ပျံ့နှံ့စေရန်၊ ကျောင်းအခြေပြု မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ်ရေးသရုပ်ပြပွဲကို အမှတ်(၁)အ‌ခြေခံပညာအထက်တန်း‌ကျောင်း(ရပ်စောက်)၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပသည်။
Jan 14,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 14,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။