ကွန်ဟိန်း ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) Grade-9 မှ ကျောင်းသား၊ ကျောင်းသူလေးများက "ဘက်စုံပညာကိုရည် တို့လှမ်းချီ" သီချင်းဖြင့် ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးခွန်မောင်ရွှေက အမှာစကားပြောကြားခဲ့ပြီး အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယင်းနောက် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုနှင့် ကာယ၊ ဉာဏဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ပြီး အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဝင်းမှ ပညာရေးစုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးသူများကို ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းသား/ ကျောင်းသူများတို့က တေးသီချင်းသရုပ်ဖော်များ၊ အကအလှများဖြင့် ပျော်ရွှင်စွာ ဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)