အမြို့မြို့အနယ်နယ်သတင်းများ

Jan 14,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့က တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။
Jan 14,2025
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျောင်သား/သူများ အသိပညာဗဟုသုတများပြည့်စုံစေရန် စာဖတ်ရှိန်မြှင့်တင်ရေး​ ဟောပြောပွဲနှင့်စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက အ.မ.က (ကွမ်ကသောင်) စာသင်ကျောင်း၌ ပြုလုပ်ခဲ့သည်။
Jan 14,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား စစ်ရေးပြဘာသာရပ်၊ မီးငြှိမ်းသတ်‌ရေးစွမ်းရည်နှင့်ရှာ‌ဖွေကယ်ဆယ်ရေးစွမ်းရည်များ ပြည့်ဝစေရန်ရည်ရွယ်၍ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၅)သင်တန်းဖွင့်ပွဲ ယမန်နေ့နံနက်ပိုင်းက မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
Jan 14,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အမှတ်(၁)အထည်စက်ရုံတွင် ယနေ့နံနက်ပိုင်းက မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Jan 14,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး)တွင် မီးဘေးလုံခြုံရေးလုပ်ငန်းတာဝန်များ နားလည်သဘောပေါက်ပြီး အရေးပေါ်မီးလောင်မှုဖြစ်ပွားပါက စနစ်တကျဆောင်ရွက်တတ်စေရန်၊ မီးသတ်ဦးစီးဌာန၏ မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းသတ်ခြင်းဆိုသော မြန်(၃)မြန်စနစ်အား အထောက်အကူဖြစ်စေရန် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး)အောင်ဆန်းခန်းမ၌ ကျင်းပသည်။
Jan 14,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့ရှိ မြို့တော်ခန်းမ၌ ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များအလိုက် MSME ဒေသထွက်ကုန်ပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 14,2025
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ သင်္ဘောများဖြင့် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိရာ စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းတွင် အမ်ဗွီတော်ဝင်သီရိသင်္ဘောနှင့် အမ်ဗွီအောင်ရတနာဝင်းသင်္ဘောတို့ဖြင့် ရန်ကုန်မြို့မှ ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။