ကျိုင်းတုံမြို့၌ မှုခင်းလျော့နည်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျိုင်းတုံ ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မှုခင်းလျော့နည်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ)မှ ရဲမှူးကြီး သန့်ဇင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့က အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူး(ယာယီ) ဒုတိယရဲမှူးကြီး အောင်မြင့်ကြည်၊ အမှတ်(၇)မူးယစ်တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး သန်းအောင်နှင့် သီးခြားရဲတပ်ဖွဲ့မှူးများက ဒေသအတွင်း မှုခင်းလျော့နည်းကျဆင်းရေးဆိုင်ရာကိစ္စရပ်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ၊ မှုူးယစ်ဆေးဝါးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ပြစ်မှု/ပြစ်ဒဏ်များအကြောင်းကို  ဒေသခံတိုင်းရင်းသားပြည့်သူများအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ)က ‌ဒေသအတွင်း မှုခင်းလျော့နည်းကျဆင်းရေး ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းပါဝင်၍ အများအကျိုးအတွက် ဆောင်ရွက်စေလိုကြောင်း ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)