ပေါက်ခေါင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၅)ဖွင့်လှစ်

ပေါက်ခေါင်း ဇန်နဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား စစ်ရေးပြဘာသာရပ်၊ မီးငြှိမ်းသတ်‌ရေးစွမ်းရည်နှင့်ရှာ‌ဖွေကယ်ဆယ်ရေးစွမ်းရည်များ ပြည့်ဝစေရန်ရည်ရွယ်၍ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၅)သင်တန်းဖွင့်ပွဲ ယမန်နေ့နံနက်ပိုင်းက မီးသတ်ဦးစီးဌာနရုံးတွင်ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်နိုင်သူဦးမှ သင်တန်းဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုနိုင်က အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် တူညီဝတ်စုံများပေးအပ်ရာ သင်တန်းသားတစ်ဦးက လက်ခံခဲ့သည်။ အဆိုပါသင်တန်းသို့ မြို့ပေါ်ရပ်ကွက်များရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များသင်တန်းသား(၅၀)ဦးတက်ရောက်ပြီး ဇန်နဝါရီလ ၁၃ ရက်မှ ဖေဖော်ဝါရီ ၇ ရက်နေ့အထိ ရက်သတ္တ(၄)ပတ်ကြာစာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)