ဓနုဖြူ ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့က တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။
ကွင်းဆင်းကြည့်ရှုရာတွင် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန (နေပြည်တော်) အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးကျော်ကျော်ထွေး၊ ခရိုင်နှင့်မြို့နယ်တာဝန်ခံအင်ဂျင်နီယာများ၊ လမ်းအရည်အသွေးထိန်းသိမ်းရေးအဖွဲ့တို့က စံကင်း-ကလော့သော့လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ပုကွန်တံတားချဥ်းကပ်လမ်း တည်ဆောင်ခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)