အမြို့မြို့အနယ်နယ်သတင်းများ

Jan 10,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးကြပ်၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ မြို့နယ်စည်ပင်သာယာဈေးအနီး၌ ပြည်သူများအား အသား၊ ငါးနှင့်စားသောက်ကုန်များကို ချိုသာသောဈေးနှုန်းဖြင့် ယနေ့နံနက်ပိုင်းက ရောင်းချပေးလျက်ရှိ‌ကြောင်း သိရသည်။
Jan 10,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်မြင့်မားပြီး ဖတ်မှတ်လေ့လာ၍ စာစီစာကုံးရေးသားမှု ကျွမ်းကျင်ပိုင်နိုင်စေရန်အတွက် စာစီစာကုံးရေးသားနည်းသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jan 10,2025
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အ.ထ.က(မိုးညို) သရဖူခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
Jan 10,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မူလတန်းအဆင့် Grade(5) နှင့် အလယ်တန်းအဆင့် Grade(9) သင်ကြားသင်ယူမှု စွမ်းရည်မြှင့် ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အ.ထ.က(နတ်တလင်း)ကျောင်း မနောဟဒယ ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
Jan 10,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့တို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 10,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/သူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ခြင်းကို ယမန်နေ့ ညနေက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 10,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ဆောင်းပဲသီးနှံစိုက်ပျိုး၍ ဒေသအတွင်း စားရိက္ခာဖူလုံရေး၊ တောင်သူများ စိုက်ပျိုးရေးကဏ္ဍဖြင့် ဝင်ငွေတိုးပွားရေးရည်ရွယ်၍ ယခုနှစ်ဆောင်းပဲသီးနှံမျိုးစုံ ၄၇၂၃၄ ဧကစိုက်ပျိုးနိုင်ရေးလျာထားပြီး အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ၅၅၁၈၀ ဧက လျာထားချက်ပြည့်မီကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
Jan 10,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ကုန်းတောင်တန်းများထူထပ်ပြီး သဘာဝမြေဩဇာများရှိသည့်အတွက် ဒေသခံပြည်များမှာ အများအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းပြုကြသည်။