လက်ပံတန်း ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်မြင့်မားပြီး ဖတ်မှတ်လေ့လာ၍ စာစီစာကုံးရေးသားမှု ကျွမ်းကျင်ပိုင်နိုင်စေရန်အတွက် စာစီစာကုံးရေးသားနည်းသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စာအုပ်စာပေချစ်မြတ်နိုးသူများအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သိန်း စာရေးဆရာမြင့်သိန်း(ရွှေတောင်-ချည်/ထည်/ချော)က သင်တန်းဆင်းအမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ သင်တန်းများ ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့် နိုင်ငံ၏အနာဂတ်လူငယ်များကို ဗလငါးတန်ပြည့်ဝစေရန်အတွက် ယခုကဲ့သို့ သင်တန်းများ ဆွေးနွေးပွဲများဟောပြောပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စာစီစာကုံးရေးသားနည်းသင်တန်း ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာပေချစ်မြတ်နိုးသူများအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သိန်း စာရေးဆရာ မြင့်သိန်း(ရွှေတောင်- ချည်/ထည်/ချော)က ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သင်တန်းတက်ရောက်သူ ကျောင်းသား/သူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)