နတ်တလင်း ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မူလတန်းအဆင့် Grade(5) နှင့် အလယ်တန်းအဆင့် Grade(9) သင်ကြားသင်ယူမှု စွမ်းရည်မြှင့် ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အ.ထ.က(နတ်တလင်း)ကျောင်း မနောဟဒယ ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
ဆွေးနွေးပွဲတွင် နတ်တလင်းမြို့နယ်ပညာရေးမှူး ဦးဘိုဘိုအောင်က ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးအေးစိုးဌေးမှ သင်တန်းတွင် လိုက်နာရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားကာ ဆွေးနွေးပို့ချမည့် နည်းပြဆရာများက သက်ဆိုင်ရာဘာသာရပ်အလိုက် ဆွေးနွေးပို့ချခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ Grade-5 ၌ သင်တန်းသား၊ သင်တန်းသူ(၂၄၈)ဦး တက်ရောက်ပြီး နည်းပြ(၁၆)ဦးက ဘာသာရပ်(၅)မျိုးအား ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး Grade-9 တွင် သင်တန်းသား၊ သင်တန်းသူ(၁၂၉)ဦး တက်ရောက်၍ နည်းပြ(၁၂)ဦးတို့က ဘာသာရပ်(၆) မျိုးကို နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ (၄) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)