မိုးညို ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးကြပ်၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ မြို့နယ်စည်ပင်သာယာဈေးအနီး၌ ပြည်သူများအား အသား၊ ငါးနှင့်စားသောက်ကုန်များကို ချိုသာသောဈေးနှုန်းဖြင့် ယနေ့နံနက်ပိုင်းက ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရောင်းချရာတွင် ဆန်၊ ဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ဟင်းသီးဟင်းရွက်များကို ကိုယ်တိုင်စိုက်ပျိုးမွေးမြူသူများက ပြည်သူများအဆင်ပြေစွာဝယ်ယူစားသုံးနိုင်ရေးအတွက် ချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်သည်။
အဆိုပါရောင်းချပေးမှုကို မိုးညိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်းလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)