ကရသူရိမြို့၊ ကလေးစာဖတ်ခန်း၌ ကျောင်းသား/သူများ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်

ကရသူရိ ဇန်နဝါရီ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/သူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ခြင်းကို ယမန်နေ့ ညနေက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက ကျောင်းသား/သူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး၊ ထူးချွန်ထက်မြက်ရေး၊ ဝေါဟာရများကြွယ်ဝရေး၊ သွက်လက်ထက်မြက်ရေးတို့အတွက် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲကို  ကျောင်သား/သူများက မိမိကြိုက်နှစ်သက်ရာ ခေါင်းစဉ်အသီးသီးဖြင့် ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါကဗျာရွတ်ဆိုပြိုင်ပွဲသို့ ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ(၁၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)