Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပခုက္ကူတက္ကသိုလ်၌ အကြိမ်(၂၀)မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
Jan 11,2025
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ အကြိမ်(၂၀)မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဝင်များ၊ အရာထမ်း၊အမှုထမ်း ဆရာ၊ဆရာမများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်၌ အခြေခံပညာမူလတန်းဆင့် (Grade-5) သင်ကြားသင်ယူမှု ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲကျင်းပ
Jan 11,2025
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာ မူလတန်းဆင့် (Grade-5) သင်ကြားသင်ယူမှု ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစ၍ အခြေခံပညာအထက်တန်းကျောင်း (ပေါင်းတည်) ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်၌ အသက် ၅ နှစ်အောက် ကလေးသူငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းနှင့် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအတွက် ညှိနှိုင်…
Jan 11,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀နာရီခွဲအချိန်က အသက် ၅ နှစ်အောက် ကလေးသူငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းနှင့် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့၌ အသက်(၆)လမှ (၂)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး
Jan 11,2025
မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အသက်(၆)လမှ(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့မစျေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ဆောင်ရွက်
Jan 11,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့မစျေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံမှုရှိစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ ပူးပေါင်းဆောင်ရွက်သည့် သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီက မြို့မစျေးအတွင်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ အ.မ.က(နားလီး)၏ ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ
Jan 11,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အ.မ.က(နားလီး)၏ ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်၉နာရီက ကျောင်းဝန်းအတွင်းကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး သန့်လွင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်
Jan 11,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူနှင့် ကျောင်းသား/သူများအနေဖြင့် လူကုန်ကူးမှုအန္တရာယ်မှ ကြိုတင်ကာကွယ်ရန်နှင့် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့၌ ပြည်သူများ သား/ငါး ဝယ်ယူစားသုံးမှု အဆင်ပြေစေရန် ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး ကြပ်မတ်စစ်ဆေး
Jan 11,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဒေသခံပြည်သူများ သား/ငါးဝယ်ယူ စားသုံးမှုအဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နယ်နိမိတ်အတွင်းရှိ ပွင့်ဖြူမြို့မဈေး အပါအဝင် ကျေးလက်စည်ပင်သာယာဈေး(၄)ခုတွင် (ဝက်၊ အမဲ၊ ဆိတ်)လိုင်စင်စီများမှ သားငါးများ ရောင်းချရာ၌ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1980
Page
1981
Page
1982
Page
1983
Current page
1984
Page
1985
Page
1986
Page
1987
Page
1988
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department