အမြို့မြို့အနယ်နယ်သတင်းများ

Jan 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို မြို့နယ်ဧရာမင်းခန်းမ၌ ယနေ့နံနက် (၈) နာရီက ပြုလုပ်သည်။
Jan 08,2025
မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့တွင် စျေးမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က ပဥ္စလနဂိုရ်စျေး၌ ပြုလုပ်ခဲ့သည်။
Jan 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ အစည်းအဝေးခန်းမတွင် ကိုဗစ်ကာကွယ်ဆေး(Pfizer)ထပ်ဆောင်းထိုးနှံခြင်းအား မြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်ပိုင်း(၉)နာရီက စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jan 08,2025
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်း ရောဂါဝေဒနာရှင်များအတွက် အပတ်စဥ်ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီခွဲအချိန်တွင် မြို့နယ်ပြည်သူ့ဆေးရုံ၊ လူနာစောင့်များနားနေဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jan 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးရွာဒေသများရှိ ပြည်သူများ လောင်စာထင်းသုံးစွဲမှုကို လျှော့ချခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်၊ တောင်သူလယ်သမားများနှင့် ကျေးလက်နေပြည်သူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အသိပညာပေးရန်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟုသုတများအား မြှင့်တင်ပေးရန်ရည်ရွယ်၍ မြို့နယ်စိုက်ပျိုရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများအား စွမ်းအားမြှင့်မီးဖိုများ အခမဲ့ဖြန့်ဝေးပေးလျက်ရှိကြောင်း သိရသည်။
Jan 08,2025
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများမီးဘေးအန္တရာယ် ကင်းဝေးစေရန်ရည်ရွယ်၍ မီးသုံးစွဲမှု စနစ်တကျရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဇေယျာသီရိရပ်ကွက်အတွင်းရှိ နေအိမ်များသို့ တစ်အိမ်တက်ဆင်းသွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 08,2025
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ကြက်သွန်ခင်း (၁) ရပ်ကွက်အတွင်းရှိ ဆန်စက်များသို့ သွား​ရောက်ကွင်းဆင်း စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။
Jan 08,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ခရိုင်အဆင့် (ဗဟိုအဆင့်) လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (၂) ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။