ချောက် ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ခရိုင်အဆင့် (ဗဟိုအဆင့်) လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (၂) ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ဒီဇင်ဘာ ၇ ရက်နေ့တွင် မြန်မာစာနှင့် အင်္ဂလိပ်စာ မေးခွန်းအားစတင် ဖြေဆိုခဲ့ပြီး ယနေ့တွင် အထွေထွေဗဟုသုတဖြေဆိုခြင်းနှင့် လူတွေ့ စစ်ဆေးခြင်းများကို နံနက် ၉ နာရီမှညနေ ၃ နာရီအထိလည်းကောင်း၊ ဒီဇင်ဘာ ၉ ရက်နေ့တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ခရိုင်ပညာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကြံ့ခိုင်မှုစွမ်းရည် (၅) မျိုး စစ်ဆေးခြင်းများကိုလည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုသို့ရွေးချယ်ရာတွင် ခရိုင်ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး ဦးမန်းအောင် ဦးဆောင်မှုဖြင့် ခရိုင်အတွင်းရှိ ချောက်၊ ရေနံချောင်းမြို့နယ်များရှိ အခြေခံပညာကျောင်းများမှ Grade (9) တန်းမှ ကျောင်းသား/သူ (၄) ဦး၊ Grade (10) တန်းမှ ကျောင်းသား/သူ (၄) ဦးနှင့် Grade (11) တန်းမှ ကျောင်းသား/ သူ (၄) ဦးနှင့် Grade (12) တန်းမှ ကျောင်းသား/သူ (၄) ဦး စုစုပေါင်း (၁၆) ဦး ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)