ငပုတောမြို့နယ်၌ ကိုဗစ်ရောဂါကာကွယ်ဆေး(Pfizer)ထပ်ဆောင်းထိုးနှံ‌

ငပုတော ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ အစည်းအဝေးခန်းမတွင် ကိုဗစ်ကာကွယ်ဆေး(Pfizer)ထပ်ဆောင်းထိုးနှံခြင်းအား မြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်ပိုင်း(၉)နာရီက စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာန့်‌ဇော်မြင့်နှင့် ကျန်းမာရေးဝန်ထမ်းများက (Pfizer)အမျိုးအစား ကိုဗစ်ရောဂါ ကာကွယ်ဆေးများကို နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား ကာကွယ်ဆေးထိုးနှံရေး လမ်းညွှန်ချက်များနှင့်အညီ ထပ်ဆောင်းထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)