မုဒုံ ဇန်နဝါရီ ၈
မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့တွင် စျေးမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က ပဥ္စလနဂိုရ်စျေး၌ ပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြည်နယ်မီးသတ်ဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ပွင့်လင်းရာသီအချိန် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ဖြစ်ပွားလာပါက မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖုန်းမြင့်အေးနှင့် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့နှင့် စျေးသူစျေးသားများက ပူးပေါင်း၍ အမြှုပ်မီးငြှိမ်းသတ်ယာဥ်၊မီးငြှိမ်းသတ်ယာဥ်၊ မီးသတ်ရေသယ်ယာဥ်တို့ဖြင့် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
ထို့နောက် စျေးကြီးအတွင်းရှိ ဆိုင်ခန်းပိုင်ရှင်များအား မီးဘေးအန္တရာယ် သတိပြုစေရေးနှင့် ဆောင်ရန်ရှောင်ရန် အချက်များကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားပြီး လျှပ်စစ်ဝါယာကြိုးများ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)