ကျုံပျော်မြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဖွင့်ပွဲကျင်းပ

ကျုံပျော် ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို မြို့နယ်ဧရာမင်းခန်းမ၌ ယနေ့နံနက် (၈) နာရီက ပြုလုပ်သည်။

ဦးစွာ ကျုံပျော်ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ကျုံပျော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ တိုက်နယ် ၅ ခုတို့မှ စာရေးဝန်ထမ်း ၉၃ ဦး တက်ရောက်ကြပြီး၊ သင်တန်းကာလမှာ ဇန်နဝါရီ ၈ ရက်မှ ၁၅ ရက်နေ့အထိဖြစ်ကာ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ဌာနမှကျင့်သုံးနေသောဥပဒေ၊ နည်းဥပဒေများ၊ စိုက်ပျိုးရေးဆိုင်ရာ၊ လယ်ယာမြေဥပဒေ၊ မြေယာယစ်မျိုးဆိုင်ရာ ဥပဒေများအပါအဝင် ဘာသာရပ်အသီးသီးအား ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)