အမြို့မြို့အနယ်နယ်သတင်းများ

Dec 26,2021
ကျောင်းသား၊ကျောင်းသူလူငယ်လူရွယ်များ ဘာသာတရားကို ကိုင်းရှိုင်းပြီး ယဉ်ကျေးလိမ္မာ သူများ များစွာပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံ မြို့နယ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်မှ ဦးစီးကျင်းပသည့် (၇၂)ကြိမ်မြောက် ၃၈ ဖြာမင်္ဂလာ နှင့် ဗုဒ္ဓဝင် အငယ်တန်းအဆင့်စာမေးပွဲကို မြို့မ (၄)ရပ်ကွက်၊ဓမ္မရာဇိန်ဘုန်းကြီးကျောင်းရှိ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
Dec 26,2021
စာပေနှင့်မီဒီယာညီအကိုများနှင့် အလှူရှင်စေတနာရှင်များစုပေါင်းပြီး စစ်တွေမြို့နယ်အတွင်းရှိ အသက် ၇၀ နှစ်နှင့်အထက် သက်ကြီးစာရေးဆရာ၊ ဆရာမများအား ပူဇော်ကန်တော့ပွဲကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ ဒီဇင်ဘာလ ၂၅ နံနက်ပိုင်းကစတင်ပြီး အိမ်တိုင်ရာ ရောက် သွားရောက်ပူဇော်ကန်တော့ခဲ့ကြကြောင်းသိရသည်။
Dec 26,2021
မော်လမြိုင်မြို့၊ ဣစ္ဆာသယ သိဒ္ဓိရှင် လေးကျွန်းသစ္စာရှင် နဂါးမောက် စေတီတော်မြတ်ကြီးအား ထီးတော်တင် အလှူတော် မင်္ဂလာအခမ်းအနားကို ယနေနံနက်ပိုင်းက ကျင်းပခဲ့ရာ မြစေတီ စာသင်တိုက်မှဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဏိတ ဝိနယပါဠိ ပါရဂူ ဘဒ္ဒန္တဝိမလပုဒ္ဓိနှင့် ပင့်ဖိတ်တော်မူသော ဆရာတော်ကြီး(၇၂)ပါး၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် စေတနာရှင် ၊ အလှူရှင်များ တက်ရောက်ကုသိုလ်ယူကြသည်။
Dec 26,2021
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကြီးမှူး၍ ကျင်းပပြုလုပ်သည့် (၆၈)ကြိမ်မြောက် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ လှည်းဆိပ်ကျေးရွာ အုပ်စု၊ လှည်းဆိပ်ကျေးရွာ၊ မနော်ဟရီ ကျောင်းတိုက်ကြီးတွင် ဒီဇင်ဘာလ(၂၄)ရက်နေ့မှ ဒီဇင်ဘာလ(၂၆)ရက်နေ့အထိ (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်လျက်ရှိရာ ဝင်ရောက်ဖြေဆို သည့်လူပုဂ္ဂိုလ်များအနေဖြင့်(၈၀)ဦးရှိထိကြောင်းသိရသည်။
Dec 26,2021
ပဲခူးတက္ကသိုလ်ဝန်းအတွင်း၌ ဒီဇင်ဘာ ၂၄ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းပြုလုပ်ကြသည်။
Dec 26,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက် လူဦးရေ၏ ၅၄ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးဖြစ်ကာ စတုတ္ထသုတ်(ဒုတိယအကြိမ်)နှင့် ပဉ္စမသုတ် (ပထမအကြိမ်) ဆက်လက်ထိုးနှံပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက သထုံမြို့နယ် အတွင်းရှိ ကာကွယ်ဆေးထိုးစုရပ်များ၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Dec 26,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူး ဦးဇော်မင်းမြင့်နှင့်ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက ကျွဲပွဲ​မြို့ ရပ်ကွက်(၃)နှင့် ရပ်ကွက်(၅)ရှိဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ရပ်ကွက်ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Dec 26,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းက ဇွဲကပင်တောင်နှင့် ကြာအင်းတောင်ကြား ဘားအံမြို့ရှောင်လမ်း ဖောက်လုပ်နေမှုအခြေအနေ များကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။